ဇီးကုန်း ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကျွဲ၊ နွားအရေပြား အကျိတ်နာရောဂါအကြောင်း အသိပညာပေးဆိုင်းဘုတ်ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်-ပြည် ကားလမ်းဘေး မြို့မဈေးအရှေ့ဘက်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်း ကျွဲ၊ နွားအရေပြား အကျိတ်နာရောဂါ မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မွေးမြူရေးလုပ်ကိုင်သူများနှင့် ပြည်သူများသိရှိနိုင်စေရန် အသိပညာပေးဆိုင်းဘုတ်ကို စိုက်ထူခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
အဆိုပါရောဂါသည် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားလျက်ရှိပြီး၊ ဗိုင်းရပ်စ်ရောဂါပိုး သယ်ဆောင်သည့် မှက်၊ ခြင်၊ ယင်၊ မွှားများ ကိုက်ရာမှတဆင့် ကူးစက်နိုင်ကြောင်းနှင့် ရောဂါဖြစ်ပွားပါက တစ်ပိုင်တစ်နိုင် ကျွဲ နွား မွေးမြူသူများ၏ လူမှုစီးပွားရေး ထိခိုက်နိုင်ကြောင်းနှင့် ပြည်ပတင်ပို့မှု လုပ်ငန်းများ ထိခိုက်နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းသည် အရေးပါကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးထံမှ သိရသည်။
တင့်ဆွေ (ပြန်/ဆက်)