အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား      ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်း

တောင်ဥက္ကလာပမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၂၂၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ဆက်လက် ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီကစ၍ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ ကျား/မအခြေပြုအကြမ်းဖက်မှု အသိပညာပေးသင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment & Gender Equality)တို့ပူးပေါင်းပြီး ကျား/မအခြေပြုအကြမ်းဖက် မှုအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ကိုင်ရှည်လက်တွန်းထွန်စက်တွင် လူထိုင်စီး နောက်တွဲကိရိယာဖြင့် သမန်းမွှေခြင်း သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူများ၏ မိုးစပါးဖွံဖြိုးတိုးတက်ရေး၊ မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက် လက်ကိုင်းရှည်လက်တွန်း ထွန်စက်တွင် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရွာရှည်ကျေးရွာအုပ်စု၊ ကင်းလည်ရွာတောင်သူ ဦး‌ရွှေဝင်း၏ လယ်‌မြေ ၂ ဧက၌ ကျင်းပပြုလုပ်သည်။

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(communitycenter)ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ကျင်းပ

​“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဖြစ်လာမည့် အနာဂတ်သားကောင်းရတနာများအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ကွန်ပျူတာကို အခြေခံမှစ၍ တတ်သိနားလည်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကောင်းမှုတို့လွှမ်းခြုံ၍ ရိုးရာဓလေ့ ထုံမွှမ်းသည့် လမြတ်ဝါဆိုအကြောင်း အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့၌ "​ကောင်းမှုတို့လွှမ်းခြုံ၍ ရိုးရာဓလေ့ ထုံမွှမ်းသည့် လမြတ်ဝါဆို" အကြောင်း အသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း ဇူလိုင် ၅ နန်းပန်

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေး နည်းပညာပေး ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယနေ့နံနက်က ငါးခူအိုင်ကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SINOPHARM  ဒုတိယအကြိမ် စတင် ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SINOPHARM ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယနေ့နံနက် (၉) နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် အ.ထ.က ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to