ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား နေကြာသီးနှံမျိုးစေ့ထုတ်သင်တန်း ဖွင့်လှစ်

ငါ့သရောက်မြို့ ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ တောပြားအုပ်စုအိုရင်းကျေးရွာတွင် ယနေ့နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးပြီး တောင်သူများအား နေကြာသီးနှံမျိုးစေ့ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ နေကြာသီးနှံမျိုးစေ့ထုတ်သင်တန်းကို ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်လက်ထောက် ဦးစိုးပိုင်နှင့် မြို့နယ်ဦးစီးမှူးဒေါခင်ဌေးရီတို့မှ သင်တန်းဖွင့်လှစ်ရခြင်းကို ပြောကြားပြီး၊ မျိုးစေ့တာဝန်ခံဒေါ် ကြည်ကြည်ဆွေမှ မျိုးစေ့ထုပ်လုပ်ခြင်းနည်းပညာကို လည်းကောင်း၊ ငါ့သရောက်မျို့စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်မှ နေကြာသီးနှံ ပိုးမွှားရောဂါ ကာကွယ်ရေးဆိုင်နည်းပညာများကိုလည်းကောင်း၊ မြို့နယ်မျိုးစေ့တာဝန်ခံဒေါ်ထားအိအိလှိုင်မှ နေကြားမျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာများကိုလည်းကောင်း တောင်သူများအားဆွေးနွေးပို့ချပေးခဲ့ပြီး တောင်သူများသိရှိလိုသည့် မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို အိုရင်ကျေးရွာနှင့် နီးစပ်ရာကျေးရွာများမှ တောင်သူ ၅၉ဦးနှင့် ဝန်ထမ်း ၁၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)