အိမ်မဲ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ရှမ်းကွင်းသူဌေးကုန်း ကျေးရွာတွင် ကျား/မ ဘောလုံးသင်တန်းနှင့် ပြေးခုန်ပစ်သင်တန်းများကို ယနေ့တွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် အိမ်မဲမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးမှ ရှမ်းကွင်းသူဌေးကုန်းကျေးရွာအရောက် U ၁၆ အမျိုးသားဘောလုံးသင်တန်း၊ U ၁၈ အမျိုးသမီး ဘောလုံး သင်တန်းနှင့် ပြေးခုန်ပစ်သင်တန်းများကို ရှမ်းကွင်းသူဌေးကုန်းကျောင်းတွင် ဇူလိုင် (၁)ရက်နေ့မှ (၁၅) ရက်နေ့ အထိ သင်ကြားပေး ရာသင်တန်းသား/သူ (၁၂၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အတွက် အားထားရမည့် အာကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊ ရွက်ပုန်းသီးအား ကစားသမားများ ပေါ်ထွက်လာစေရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)