လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် မူးယစ်ကင်းစင်ကျောင်းပတ်ဝန်းကျင် အသိပညာပေး ဟောပြောပွဲကျင်းပ

လှည်းကူး  ဇူလိုင်  ၅

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာစီးဌာန၊ လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင် မူးယစ်ကင်းစင် ကျောင်းပတ်ဝန်းကျင် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးရောက်ရှိလာသော အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ရှောင်ရန်အချက်များစသည့် အကြောင်း အရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကို တားဆီးရမည့် နည်းလမ်းများကိုလည်း ကျောင်းသား/သူများ အသိပညာဗဟုသုတများရရှိစေရန် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားသည်။

ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့