သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် ဇူလိုင်လအတွက် စိုက်ပျိုးစရိတ် ချေးငွေများအားထုတ်ပေး

သရက်ချောင်း ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ လဘကျေးရွာအုပ်စုမှ တောင်သူ(၆၄)ဦး၊ တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် စပါးစိုက် (၄၆၇)ဧကအတွက် ချေးငွေကျပ် ၇၀၀၅၀၀၀၀ သိန်းကိုလည်းကောင်း၊ ဆင်ကူးကျေးရွာအုပ်စုမှ တောင်သူ(၃၅)ဦး၊ တစ်ဧကလျှင် ၁သိန်းခွဲနှုန်းဖြင့်စပါးစိုက်(၁၅၁)ဧကအတွက် ချေးငွေကျပ် ၂၂၆၅၀၀၀၀ သိန်းကိုထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်ကျေးရွာ(၃၄)ရွာရှိသည့်အနက် ဇူလိုင်လအတွက် လဘ၊ ဆင်ကူး၊ ရန်ထောင်၊ မော်ရှည်ကုန်း၊ ကျွဲမင်းကုန်း၊ အိမ်ရှေ့ပြင်၊ ကဇိ၊ ကနက်သီရီ၊ တီထွင်ပြင်၊ စုံစင်ကျေးရွာ(၁၀)ရွာမှ တောင်သူ (၆၅၇)ဦး၊ တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့်စပါးစိုက် (၃၅၃၉)ဧက၊ ဇူလိုင်လအတွက်လျာထားငွေ ချေးငွေကျပ် ၅၃၀၈၅၀၀၀၀ သိန်းကိုထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။

သားကြီး (သရက်ချောင်း)