သုံးခွမြို့နယ်၊ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်စံ၀င်း ရေးသားသော “သင့်၀င်ငွေမှ ၁၀ရာခိုင်နှုန်းစုပါ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ၊စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိ‌ စေရန်၊အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန်ရည်ရွယ်၍ ယမန်‌နေ့ မွန်းလွဲ (၁) နာရီအချိန်က စာရေးဆရာ ချစ်စံ၀င်းရေးသားသည့် “သင့်၀င်ငွေမှ၁၀ရာခိုင်နှုန်းစုပါ” စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့ အထက(အောင်ဆန်း)ကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိနှင့် ၁၂နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထက(အောင်ဆန်း)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော KG တန်း အပါအဝင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိနှင့် ၁၂နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာ၊ဆရာမများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိသည်။

သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂) ဖွင့်လှစ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ လားရှိုးမြို့ International Committee of the Red Cross Myanmar (ICRC) အဖွဲ့နှင့် ရှမ်းစာပေယဉ်ကျေးမှုကော်မတီတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၃/၂၀၂၂)ကို

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ပြည်နယ်အမျိုးသမီးကော်မတီ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းခတ်၌ MobileLibraryစနစ်ဖြင့် အခြေခံပညာကျောင်းသို့ စာအုပ်များ ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ခြင်းများ‌ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို

ကဝမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီက အခြေခံပညာကျောင်းများ၌ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဆွေးနွေး၍  သံပုရာပင်ကိုင်းစည်းနည်းအား လက်တွေ့ပြသ

သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေး၍  သံပုရာပင်ကိုင်းစည်းနည်းလက်တွေ့ပြသခြင်းကို ဌာနများပူးပေါင်း၍ ယမန်နေ့က ဆင်မြီးဆွဲမြို့၊ ကျူတောကျေးရွာ၊ ကျူတောမြောက်ကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပန်၌ အသက်(၂)လ မှ တစ်နှစ်ခွဲထိ  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် ကျန်းမာရေး ဉီးစီးဌာနမှ  အသက်(၂)လ မှ တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီ က

သိန္နီမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး(တတိယအကြိမ်)Booster ထပ်ဆောင်းထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ သိန္နီမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် “မသန်စွမ်းကလေးသူငယ်ဆိုင်ရာအခွင့်အရေး” အသိပညာပေး Talk show ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် “မသန်စွမ်းကလေးသူငယ်ဆိုင်ရာအခွင့်အရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Subscribe to