ပုသိမ်ကြီးမြို့နယ်တွင် “မသန်စွမ်းကလေးသူငယ်ဆိုင်ရာအခွင့်အရေး” အသိပညာပေး Talk show ဆွေးနွေးပွဲကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် “မသန်စွမ်းကလေးသူငယ်ဆိုင်ရာအခွင့်အရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်မာအေးနှင့် ရန်ကင်းကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းတို့က မသန်စွမ်းသူဟူသည့် အဓိပ္ပါယ်ဖွင့်ဆိုပုံများအကြောင်း၊ မသန်စွမ်းသူများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများအကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူဘဝသို့ ရောက်ကြရသည့် မသန်စွမ်းသူတစ်ဦးကို တွေ့မြင်သည်နှင့် အထင်သေးခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ ဥပေက္ခါ မပြုလုပ်သင့်ကြောင်း၊ စာနာထောက်ထားစိတ်နှင့်အတူ လူမူအသိုက်အဝန်းကြား လွယ်ကူစွာဝင်ရောက် လှုပ်ရှားခံစားခွင့်ရရှိရေး ကူညီဆောင်ရွက်ကြရမည့် အကြောင်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)