ကဝမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ကဝ ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အသက် (၅) နှစ်မှ  (၁၂) နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက အခြေခံပညာကျောင်းများ၌ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  ကာကွယ်ဆေး  ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ်ဆရာဝန်ကြီး ဦးဆောင်သော ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကဝမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူပေါင်း (၂၂၈၀) ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို လိုက်လံထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျောင်းများသို့လည်း  သတ်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)