(၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဟင်္သာတမြို့နယ်ရှိ ပြိုင်ပွဲဝင်များ ပဏာမအစမ်းလေ့ကျင့်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲကို ပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင်များ တစ်လတာ စခန်းသွင်းလေ့ကျင့်ပြီးစီးမှု အခမ်းအနားနှင့် ပြိုင်ပွဲဝင်အစမ်းလေ့ကျင့်မှုကို ဟင်္သာတမြို့ရှိ မြို့တော်ခန်းမအတွင်း ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။