သိန္နီ ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ သိန္နီမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံပေးရာတွင် ဆေးတစ်လုံးလျှင် လူဦးရေ(၁၁)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်း ဖြစ်ပြီး သိန္နီမြို့နယ်ရှိ ကာကွယ်ဆေးထိုးရန် လာရောက်သည့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်မိုးအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပညာရေးဌာနမှ ဝန်ထမ်းများအပါအဝင် ဒေသခံပြည်သူ (၂၂) ဦးအား ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
စောဥမ္မာ(သိန္နီ)