သုံးခွ ဇူလှိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က စာရေးဆရာ ချစ်စံ၀င်းရေးသားသည့် “သင့်၀င်ငွေမှ၁၀ရာခိုင်နှုန်းစုပါ” စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး (women club) အဖွဲ့၀င် ဒေါ်လှိုင်သူဇာမှ" စာရေးဆရာ ချစ်စံ၀င်းရေးသားသော “သင့်၀င်ငွေမှ ၁၀ရာခိုင်နှုန်းစုပါ” စာအုပ်သည် ဖတ်ရှု့ရုံသာမက လိုက်နာကျင့်သုံးသင့်သည့် တန်ဖိုးမဖြတ်နိုင်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါကြောင်း၊ ငွေစုစောင်းရေးနှင့် ပတ်သတ်၍ အဓိကသော့ချက်မှာစုပြီးမှ ကျန်တာကိုသုံးပါ၊ သုံးပြီးမှကျန်တာကိုမစုပါနှင့် သုံးပြီးမှကျန်တာကိုစုမည်ဟု စိတ်ကူးပါက စုစောင်းစရာငွေဘာမျှ ကျန်တော့မည် မဟုတ်ပါကြောင်း ပြောကြားသည်။ (Book Club) အဖွဲ့၀င် ဦးကောင်လေးက “ဆယ်ရာခိုင်နှုန်း၏ တန်ဖိုး ခေါင်စဉ်ဖြင့်” ဆွေးနွေးရာတွင် မိမိ၀င်ငွေမှ ဆယ်ရာခိုင်နှုန်းကို စုဆောင်းရေးကိစ္စတွင် ချမ်းသာကြွယ်၀သောသူများကလည်း ဆယ်ရာခိုင်နှုန်းမြန်း ဘာဖြစ်လောက်တာမှတ်လို့ စုဆောင်းဖို့ အချိန်မရတာနဲ့ကို မစုဖြစ်ကြကြောင်း၊ တစ်နှစ်မှာ တစ်ကုဠေလောက်၀င်နေတာပဲ စုတော့ရောဘာအကျိုးရှိမှာ မို့လဲဆိုပြီး မစုဖြစ်သူများလဲရှိတတ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ (Book club) အဖွဲ့၀င် ဒေါ်သန်းသန်းဌေး မှလည်း “စောစောစုနိုင်လေပို၍လွယ်လေဖြစ်သည်” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မည်သည့်ကိစ္စကို မဆို စောစောလုပ်သူများက ခံစားခွင့်ပိုမိုရှိတတ်ပါကြောင်း၊ ငွေစုရာတွင်လည်းစောစောစု၊ စောစောရင်းနှီးမြှပ်နှံမှုရနိုင်လေ ပိုမိုလွယ်ကူ၍ မြန်မြန်အကျိုးရှိ လေဖြစ်ပါကြောင်းစသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။
စည်သူလင်း ပြန်/ဆက်