မိုင်းပန်မြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

မိုင်းပန်​ ဇူလိုင်​ ၅

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် အ.ထ.က ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က ကျောင်းသား/သူများအား၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားတန်ဖိုးထားတတ်စေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်မျိုးချစ်စိတ်ဓာတ်မြင့်မားလာစေရန် အာဇာနည်စိတ်ဓာတ်ဆိုသည်မှာ လက်ရုံးရည်၊ နှလုံးရည်(သတိဗျတ္တိ) ပြည့်စုံပြီး အမြော်အမြင်ကြီးကြီး ကိုယ်ကျင့်ဖြူစင်စွာဖြင့် အများအကျိုးအတွက် မိမိ၏ အသက်ကိုပင်စွန့်လွှတ် ရန်ပိုင်းဖြတ်ထားသည့် စိတ်ဓာတ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း အာဇာနည်စိတ်ဓာတ်ရှိသူ အများအပြားပေါ်ထွန်းလာရေး အားထုတ်ကြိုးပမ်းကြရန်နှင့် အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကို မမေ့စေရန်ရည်ရွယ်၍ ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ အ.ထ.က (မိုင်းပန်)မှ ကျောင်းသား/သူ ၅၀ ကျော် တက်ရောက်ခဲ့ပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ mobile library စနစ်ဖြင့် စာအုပ်များငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

​​မိုင်းပန် (ပြန်/ဆက်)