ဇေယျာသီရိ ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment & Gender Equality)တို့ပူးပေါင်းပြီး ကျား/မအခြေပြုအကြမ်းဖက် မှုအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ပညာသင်ကြားနေကြသည့် အမျိုးသမီးများအနေဖြင့် ကျား၊ မရေးရာ(Gender)နှင့် ကျားမအခြေပြုအကြမ်းဖက်မှု(GBV)ဆိုင်ရာသင်တန်း ပြုလုပ်ပေးခြင်းဖြင့် အသိပညာဗဟုသုတများစွာရရှိပြီး မိမိကိုယ်တိုင်က ကျား/မရေးရာ (Gender)ကို ကွဲကွဲပြားပြား သိရှိနားလည်လာစေရန်နှင့် ကျား/မ အခြေပြုအကြမ်းဖက်မှု (GBV)ပြုလုပ်ခံရခြင်းမှ ကင်းဝေးပြီးသူတစ်ပါးကိုလည်း အကြမ်းဖက်မှုများမပြုလုပ်မိစေရန် အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မန္တလာရောင်စဉ် (Women Empowerment & Gender Equality)မှ ဒေါ်သက်သက်နွယ်က အထီးအမသဘာဝ၊ လူမှုရေးအရသတ်မှတ်ထားသောအမျိုးသား၊ အမျိုးသမီးတာဝန်ခွဲဝေမှုများ၊ သာတူညီမျှမှု၊ တန်းတူညီမျှမှုနှင့်ကျား၊ မ အခြေပြုအကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် သင်တန်းသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့သည်။
အဆိုပါသင်တန်းသို့ သာစည်ကျေးရွာမှ သင်တန်းသူ ၁၀ ဦးတက်ရောက်ခဲ့ပြီး ယနေ့နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအချိန်ထိ သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)