တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SINOPHARM  ဒုတိယအကြိမ် စတင် ထိုးနှံပေး

တွံတေး ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SINOPHARM ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယနေ့နံနက် (၉) နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် အတွင်းရှိအခြေခံကျောင်း(၂၁၅)ကျောင်းမှအသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ကျောင်းသူ (၂၁၀၆၁) ဦးရှိပြီး ဇွန်လ ၆ ရက်နေ့မှ စတင်၍ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအရောက် ဆေးထိုးအဖွဲ့(၂၄)ဖွဲ့မှ လှည့်လည်၍ နေ့စဉ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးများ ထိုးနှံပေးလျက်ရှိသည့် အခြေခံပညာကျောင်းများသို့ မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး၊  မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင် အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးလှိုင် တွံတေး