ဒေးဒရဲမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၂၀၃၅၀)ဦးအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီး

ဒေးဒရဲ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူ လျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊  ကျောင်းသား၊ ကျောင်းသူအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု ရရှိစေရန် ရည်ရွယ်၍  အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့က စတင်၍ မြို့ပေါ်နှင့် ကျေးရွာ ကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ  မြို့ပေါ်နှင့် ကျေးရွာအုပ်စု (၉၃)အုပ်စုရှိ အခြေခံပညာကျောင်း (၂၁၉)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၂၂၁)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၂၀၂၀)ဦးအား သက်ဆိုင်ရာ ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ(၂၀၃၅၀)ဦး၊ (၉၅.၈၇) ရာခိုင်နှုန်း၊ ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးရသေးသည့် ကျောင်းသား၊ ကျောင်းသူများအား ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး သက်ဆိုင်ရာပညာရေးဌာန၊ ကျောင်းသားမိဘများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိ ကြောင်း   ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း