လက်ကိုင်ရှည်လက်တွန်းထွန်စက်တွင် လူထိုင်စီး နောက်တွဲကိရိယာဖြင့် သမန်းမွှေခြင်း သရုပ်ပြပွဲကျင်းပ

ပေါက်ခေါင်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူများ၏ မိုးစပါးဖွံဖြိုးတိုးတက်ရေး၊ မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက် လက်ကိုင်းရှည်လက်တွန်း ထွန်စက်တွင် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရွာရှည်ကျေးရွာအုပ်စု၊ ကင်းလည်ရွာတောင်သူ ဦး‌ရွှေဝင်း၏ လယ်‌မြေ ၂ ဧက၌ ကျင်းပပြုလုပ်သည်။

အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူ‌မောင်နှင့် ဌာနဆိုင်ရာများ၊ စက်မှုလယ်ယာဦးစီးဌာန ပြည်ခရိုင် ဦးစီးမှူး ဦးသိန်းဇော်နှင့် ပေါက်ခေါင်းမြို့နယ် ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများ၊ ဒေသခံကျေးရွာတောင်သူများ တက်ရောက်အားပေး လေ့လာခဲ့ကြသည်။ ပေါက်ခေါင်းမြို့နယ်၌ လယ်ယာကဏ္ဍတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြည့်ဝစွာပြောင်လည်းနိုင်ရန် ရည်ရွယ်၍ စက်ကိရိယာများဖြင့် ထွန်ယက်ခြင်း၊ ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် အစေ့ချစိုက်ပျိုး နည်းစနစ်များကို သက်ဆိုင်ရာဌာနများမှ တောင်သူများ၏ လယ်ယာမြေများတွင် သရုပ်ပြခြင်းများကို ဒေသခံတောင်သူများ သိရှိလေ့လာနိုင်ရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်