ဘုတ်ပြင်း ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်း ဇူလိုင်လ ၄ ရက်နေ့မှ စ၍ သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ဘုတ်ပြင်းမြို့ အထက-ဘုတ်ပြင်းကျောင်း၊ အမက-ရွှေဘုံသာကျောင်း၊ မာရ်အောင်ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ထိုးနှံပေးလျက် ကြောင်း သိရသည်။
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဆေးထိုးစုရပ်ကျောင်းများတွင် သတ်မှတ်ရက် အလိုက် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဘုတ်ပြင်းခရိုင် အတွင်းတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် ကျောင်းသား၊ ကျောင်းသူ(၁၀၁၂၉)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်ကာကွယ် ဆေးထိုးနှံခြင်းကို ဆေးထိုးစုပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ဆက်လက်ထိုးပေးလျက်ရှိပြီး ဒုတိယအကြိမ်ဆေးထိုးနှံခြင်းကို သတ်မှတ်ရက်များတွင် ဆေးထိုးစုရပ်ကျောင်းများ၌ ဆက်လက် ထိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘုတ်ပြင်း ( ပြန်/ဆက်)