ညောင်ဦး ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် သို့ရောက်ရှိရန် ၁ ပေခန့်သာလိုတော့ကြောင်း သိရသည်။
ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လာနိုင်ခြေရှိသည့်အတွက် စိုးရိမ်ရေမှတ်အခြေအနေများအား ညောင်ဦးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း၊ မြစ်ရေကြီးမှုနှင့်အရေးပေါ် အခြေအနေဖြစ်ပေါ်နိုင်သဖြင့် မြစ်ကမ်းဘေးတစ်လျှောက် နေထိုင်သူများသတိဖြင့် နေထိုင်ကြရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပေးနှိုးဆော်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှလည်း သီလရင်စုရပ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် အမှတ် ၅ တိုက်သစ်ရပ်ရှိဘုန်းတော်ကြီးကျောင်းတို့အား ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများအဖြစ် ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
ကိုကြေးမုံ