အိမ်မဲ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့မစျေးကြီးအတွင်း ဟင်းရွက်ဆီရောင်းချလျက်ရှိသော စျေးဆိုင်များ တွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး မြို့မစျေးကြီးအတွင်း ရောင်းလျက် ရှိတဲ့ ကုန်စုံဆိုင်များမှာ ဟင်းရွက်ဆီဖြစ်တဲ့ Goody မှာ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် လိုက်နာမှု ရှိ/မရှိစစ်ဆေးတာပါ။ Goody ဟင်းရွက်ဆီအမျိုးအစားပေါ်မှာ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာမှာ လိုက်နာရမည့်အချက်များ ပြည်စုံမှုရှိခြင်းကို တွေ့ရပါတယ်လို့” မြို့နယ်တာဝန်ခံ ဦးလေးလွင် ပြောကြား ချက်အရ သိရသည်။
ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးလေးလွင် ဦးဆောင်ပြီး မြို့မစျေးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စျေးကြီး အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်ချလျက်ရှိသော Goody ဟင်းရွက်ဆီအမျိုးအစားအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)