မြိတ် ဇူလိုင် ၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်နေသော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများအား ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း လက်တွေ့ဆောင်ရွက်ရာ၌ အထောက်အကူပြုစေရန်၊ ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အတွက် ယမန်နေ့ညနေပိုင်းက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မြိတ်ခရိုင်ရုံးတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်များကို ဒုတိယအကြိမ် ဆွေးနွေးပို့ချခဲ့သည်။
ဆွေနွေးပို့ချရာတွင် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း(Public Relations)သည် ပြည်သူများအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ မျက်မှောက်ခေတ်တွင် အဖွဲ့အစည်းများနှင့် ပြည်သူများအကြား သဘောထားအယူအဆများ သဟဇာတဖြစ်စေရန် ပေါင်းစပ်ပေးမှုများ မဖြစ်မနေလိုအပ်လာကြောင်း၊ လူ့အဖွဲ့အစည်းတစ်ခု ရေရှည်ရှင်သန်ရပ်တည်နိုင်ရန်၊ မိမိတို့၏ ရည်မှန်းချက်လုပ်ငန်းများ အောင်မြင်စေရေးအတွက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း အရေးပါလာ ကြောင်းနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် သဘော သဘာဝများ၊ သတိပြုရမည့်အချက်များ၊ PR လုပ်ငန်းတွင် ဆိုးကျိုးဖြစ်စေသောအချက်များ၊ ရည်ရွယ်ချက်ပန်းတိုင်များ၊ မှန်ကန်ကောင်းမွန်သော ပြည်သူ့ဆက်ဆံရေးနည်းလမ်းများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ဆက်ဆံရေးဘာသာရပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယုဝါအောင်က ဆွေးနွေးပို့ချပေးလျက်ရှိပြီး မြိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ဇူလိုင်လ(၅)ရက်မှ (၈)ရက်အထိ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)