နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မျောက်ကျောက်ရောဂါ (Monkeypox) ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

နမ္မတူ ဇူလိုင် ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မျောက်ကျောက်ရောဂါ (Monkeypox) ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူ မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က မျောက်ကျောက်ရောဂါ (Monkeypox) ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် မျောက်ကျောက်ရောဂါ လက္ခဏာများ၊ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ မိမိကိုယ်ကို မျောက်ကျောက်ရောဂါ ကူးစက်မှုမရှိအောင် ကြိုတင်ကာကွယ်ရန်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ ဒေသခံပြည်သူ (၁၀)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား မေးမြန်ဆွေးနွေးရာ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)