တောင်သာ ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများအဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် နှမ်း၊မြေပဲ စိုက်ပျိုးဧက တစ်ဧကကို ငွေကျပ် ( ၁၀၀၀၀၀/-)နှုန်းဖြင့် သပြေဝကျေးရွာ အုပ်စု၊သပြေဝကျေးရွာရှိ တောင်သူ (၆၀)ဦး စိုက်ပျိုးဧက (၃၂၁) ဧက စုစုပေါင်း ငွေကျပ်(၃၂၁)သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးကြောင်း သိရသည်။ ကျန်ရှိသည့် တောင်သူများအားလည်း စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ်မန်နေဂျာ ဦးသက်ခိုင်ဇော်ထံမှသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)