မြဝတီမြို့၌ အရေးပြားအကျိတ်နာရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Talk Show ကျင်းပ

မြဝတီ ဇူလိုင် ၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အရေးပြားအကျိတ်နာရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြဝတီမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ မင်းဝင်းအောင်က အရေးပြားအကျိတ်နာရောဂါသည် ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ကျွဲနွားများတွင် ဖြစ်ပွားတတ်သည့် နယ်စပ်ဖြတ်ကျော်တိရစ္ဆာန်ကူးစက် ရောဂါတစ်ခုဖြစ်ပြီး အရေးပြားအကျိတ်နာရောဂါ စတင်ဖြစ်ပွားသည့်အခြေအနေများ၊ ပြည်ကျန်းမာရေးအပေါ် တက်ရောက်မှုများ၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်သည့် နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရန် နည်းလမ်းများအား အသိပညာပေးပြောကြားသည်။

ထို့နောက် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းတို့က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြသည်။ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်အသိပညာပေးခြင်းလုပ်ငန်းများကို ယခု ကဲ့သို့ Talk Show များပြုလုပ်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)