မြန်အောင်တွင် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာပြ (Point) ကောက်ယူခြင်းဆောင်ရွက်

မြန်အောင် ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်း များက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ (GIS)နည်းပညာဖြင့် တည်နေရာပြ (Point) ကောက်ယူခြင်းကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့က မြန်အောင်မြို့ အမှတ်(၄) ရပ်ကွက်အတွင်း ခေတ္တမြို့နယ်မှူး ဦးဝင်းမြင့်အောင်၊ လဝကမှူး ဒေါ်စန်းစန်းကျော် ဦးဆောင်သော အဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တည်နေရာပြ (Point) ကောက်ယူရာတွင် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြန်အောင်မြို့ပေါ်ရပ်ကွက်(၆)ခု အား Geographical Information System(GIS) စနစ်ဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာ (Point) ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသော ရပ်ကွက်/ ကျေးရွာများသို့လည်း ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)