မိုင်းခုတ် ဇူလိုင် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဇွန် ၅ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ယနေ့နံနက် ၁၀ နာရီခန့်က မိုင်းခုတ်-မိုင်းဆတ်သွား မိုင်တိုင်အမှတ် ၁၁၇ နှင့် ၁၁ ကီလိုမီတာကြား အကျယ်(၁၈)ပေရှိ မြေသားလမ်းပေါ်သို့ တောင်ပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတောင်ပြိုကျရာနေရာသို့ ယနေ့နေ့လယ် ၁၂ နာရီက မြို့လမ်းဦးစီးဌာနမှ တာဝန်ခံဦးဇံဟိန်းဆွေနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများက စက်အင်အား၊ လူအင်အားများဖြင့် ဖယ်ရှားရှင်းလင်းလျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ရာ နေ့လယ် ၁ နာရီတွင် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး လမ်းပွင့်သွားခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)