မော်လမြိုင် ဇူလိုင် ၆
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယမန်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်အထွေထွေရောဂါ ကုဆေးရုံကြီး၌ ကျောက်ကပ်တု သွေးသန့်စင်ဌာန ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ လူမှုရေးရာဝန်ကြီး၊ ဆေးရုံအုပ်ကြီးတို့က ကျောက်ကပ်တုသွေးသန့်စင် ဌာနအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ကျောက်ကပ်တုသွေးသန့်စင်စက်နှင့် ရေသန့်စက် တစ်ဦးတည်းအလှူရှင် မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကျောက်ကပ်တု သွေးသန့်စင်ဌာနအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်