မင်္ဂလာဒုံ ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ မင်္ဂလာကန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာစိမ်းလန်းစိုပြည်ရေးအတွက် ယနေ့နံနက်(၈)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လာရောက်ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးညီညီနှင့် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနမှူးများက မင်္ဂလာကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်/ပန်းပင်များ စိုက်ပျိုးထားရှိသည့်အခြေအနေများ၊ ကန်ဘောင်အဆင့်မြှင့်တင်၍ မြက်ပင်များ စိုက်ပျိုးထားရှိမှုနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
မြတ်သူဇာ(မင်္ဂလာဒုံ )