မိုင်းရှူး ဇူလိုင် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးအတွက် ယနေ့နံနက်(၁၁)နာရီအချိန်က အမှတ်(၃)ရပ်ကွက်တွင် မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရုံးလက်ခံအိမ်ထောင်စုလူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကွန်ပျုတာဖြင့် ဖြည့်သွင်းခြင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆန်းဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်တို့က လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)