စမ်းချောင်းမြို့နယ်၌ (၇၅) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

စမ်းချောင်း ဇူလိုင်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ (၇၅)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်းက ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာစီစာကုံးပြိုင်ပွဲကို အမှတ်(၄) အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့တို့မမေ့ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေး၊ ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးတို့က ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်