ကျိုင်းတုံ ဇူလိုင် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသူ/ကျောင်းသားများအား ဩဝါဒစကားပြောကြားသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ၏ ဆန္ဒဖြင့်ရွေးချယ်ထားသော ကျောင်းကောင်စီအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူတို့၏ အမည်စာရင်းကို ဖတ်ကြားသည်။
ထို့နောက် ကျောင်းကောင်စီအမှုဆောင်အဖွဲ့၊ အတည်ပြုဖွဲ့စည်းကြောင်းကြေညာပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီအဖွဲ့အသင်း(၅)သင်း၏ အလံများအား အသင်းခေါင်းဆောင်များထံပေးအပ်သည်။
ထို့နောက် ကျောင်းကောင်စီကတိသစ္စာ(၄)ချက်ကို ရွတ်ဆိုကတိသစ္စာပြု၍ နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုခဲ့ကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)