လဲချားမြို့နယ် မူလွန်(၂)ကျောင်းတွင်  (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လဲချား ဇူလိုင် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၂)အခြေခံပညာအလယ်တန်းလွန်ကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်တွင် အမှတ်(၂)အခြေခံပညာအလယ်တန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်နွမ်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေမှ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို ဟောပြောခဲ့ပြီး အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို နံရံကပ်စာစောင်အဖြစ် ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)