နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှဖိတ်ခေါ်သော  ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ရန် လားဟူ ဒီမိုကရက်တစ်ပါတီမှ ဦးဆော်လမွန်ဦးဆောင်သောအဖွဲ့ တာချီလိတ်သို့ရောက်ရှိ

တာချီလိတ်  ဇူလိုင် 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လားဟူဒီမိုကရက်တစ်ပါတီ (LDU)မှ ဦးဆော်လမွန် ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့သည်။

ရောက်ရှိလာစဉ်မှာ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း ဦးဆောင်သော နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နေ့လယ် ၁၂ နာရီခွဲတွင် တာချီလိတ်လေဆိပ်မှတဆင့် နေပြည်တော်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဇူလိုင်()ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံမည် ဖြစ်ကြောင်း၊ ဇူလိုင် ()ရက်နေ့တွင် နစကအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စရပ်များနှင့်ပတ်သတ်၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှကျင်းပပြုလုပ်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲသို့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC) ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ်(PNLO) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော်( DKBA) မွန်ပြည်သစ်ပါတီ (NMSP) ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) ရှမ်းပြည်တိုးတက်ရေးပါတီ( SSPP) ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) မိုင်းလား အထူးဒေသ(အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ တက်ရောက်တွေ့ဆုံခဲ့ကြသည်။

ယာဆေး(ပြန်/ဆက်)