နမ့်ဆန် ဇူလိုင် ၆
(၂၀၂၂)ခုနှစ် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီ အချိန်က ၊အခြေခံပညာအထက်တန်းကျောင်းခွဲ (အလက၁)ကျောင်း ကျောင်းရှေ့ကွင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ (အလက ၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီဦးက အဖွင့်အမှာစကားပြောကြားပြီး ဆရာမဒေါ်မိုးမိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများတို့ကို ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျောင်းသားကျောင်းသူ ၂၀၀ ဦး ကျော်တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အာဇာနည်နေ့အကြောင်း သိကောင်းစရာများ၊ အာဇာနည်(၉) ဦးတို့၏ အတ္ထုပ္ပတ္တိအကြောင်းအရာ နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)