နတ်မောက်မြို့နယ်တွင် တိရစ္ဆာန်အစာအတွက် နေဗီယာမြက်များ စိုက်ပျိုး

နတ်မောက်  ဇူလိုင်  ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေးတောင်သူများသည် တိရစ္ဆာန်အစာအတွက် နေဗီယာမြက်များ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ အခုဆိုရင် နေဗီယာမြက်များကို စိုက်ပျိုးထားပါတယ်။ နေဗီယာမြက်ကတော့ မြေအစိုဓာတ် ထိန်းတဲ့ နေရာတွေမှာ ပင်ကြား တန်းကြား(၃)ပေနှုန်း စိုက်ထားတာပါ ၊တစ်လခွဲသားရှိရင် စတင်  ရိတ်သိမ်း နိုင်ပါပြီ။ တစ်ကြိမ်စိုက်ထားပြီးရင် နွေ၊ မိုး၊ ဆောင်း သုံးရာသီးလုံး ရိတ်ကျွေးလို့ရပါတယ်။ အပင်ဖြစ်ထွန်းမှ ရိတ်မယ်ဆိုရင်လဲ မြက်ရဲ့အရသာက ချို ၊ငန်ဆိုတော့ ကျွဲ၊ နွားတွေ ပိုစားတာပေါ့ဗျာ၊ ပုံမှန်စိုက်ပျိုးနေကျ နှံစားပြောင်း၊ ပြောင်းဖူးတွေကတော့ မိုးမျှော်ရတာပေါ့ နေဗီယာမြက်က မိုးမမျှော်ရဘူးပေါ့ဗျာ”ဟု နေဗီယာ မြက်စိုက်ပျိုးသူ မြို့မရပ်ကွက်နေဦးမြတ်ကိုက ပြောကြားသည်။

တိရစ္ဆာန်အစာပင်ဖြစ်သည့် နေဗီယာမြက်များ စိုက်ပျိုးပေးခြင်းကြောင်း တောင်သူများအနေဖြင့် ကျွဲ နွားများအား လွတ်ကြောင်းစနစ်မှ ခြံလှောင် မွေးမြူရေးစနစ်အဖြစ် ပြောင်းလဲမွေးမြူပြီး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နေဗီယာမြက်များ (၈.၅)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိထံမ ှသိရသည်။

မူမူစန်း