သာစည်မြို့နယ်တွင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရန် ရည်ရွယ်ပြီး မြို့နယ်အတွင်းရှိ   အခြေခံတိရစ္ဆာန်ကျန်းမာရေး လုပ်သားများအား စာတွေ့သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က  မြို့နယ်ရုံး၌ ပို့ချပေးလျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂)ကြား ကျောင်းသား/သူ ၁၆၉၁၃ ဦးအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂)ကြားရှိ ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်ကျောင်း စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်တွင် တိရိစ္ဆာန်များ၌ ဖြစ်ပွားတက်သည့်ရောဂါများအကြောင်း အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်များ၌ ဖြစ်ပွားတက်သည့်ရောဂါများအကြောင်း အသိပညာပေးကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့က ရန်အောင်မြင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

မောင်တောမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုတွင်ပါဝင်သူ ၂၃၀၁၆ ဦးအား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose  ဆက်လက် ထိုးနှံပေးပြီးဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင် ပါဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။

မန်တုံမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စောင်များငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့မရပ်ကွက်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ပေါင်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား/သူများအား ဆေးထိုးစုရပ် ကျောင်းများတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်‌ဆေးထိုးနှံရေးလုပ်ငန်းကို ယမန်နေ့က ဆေးထိုးစုရပ်ကျောင်း (၂၂)ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက  ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။  

မိုးနဲမြို့နယ်၌ (၇၅)နှစ်မြောက် ဒုတိယ စိန်ရတုအားဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် (၇၅)နှစ်မြောက် ဒုတိယစိန်ရတု အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို အောင်ဆန်းဇာနည်ကဗျာဖြင့် မူလတန်း‌ ကျောင်းသား/ ကျောင်းသူလေးများက ‌သီဆိုဖွင့်လှစ်ပေးခဲ့‌ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၌ (၇၅)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသခြင်းကို

ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာတွင် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန  အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီခန့်က ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာအုပ်စု၊ ရန်ကုတ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။      

ဘားအံမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဆွေးနွေး

ကရင်ပြည်နယ်၏ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၈/၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to