ရေးမြို့နယ် အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ရေး ဇူလိုင် ၆

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြား နေသော အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဒုတိယကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီက ရန်ကြီးအောင်ရပ်ကွက် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းသည် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြသန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင် များ၊ မြို့နယ်ပညာရေးမှူးဦးမင်းဌေးဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကာကွယ်ဆေး ထိုးနှံမှုအား လှည့်လည် ကြည်ရှု အားပေးခဲ့ကြသည်။ ဆက်လက်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး မှူး ဦးစန်းမင်းသည် ကျောင်းပတ်ဝန်းကျင်အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီးနောက် ကျောင်းအုပ်ကြီးရုံးခန်း၌ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းအုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေး ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေမှ ကျောင်းလုံခြုံရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ ကြရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ တင်ပြချက်များအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူ မိဘများနှင့် တွေ့ဆုံအမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။

ရေး (ပြန်/ဆက်)