ရေတာရှည် ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးနေကြာမျိုးစေ့ထုတ် ဧက(၁၇)ဧကအတွက် ဓါတ်မြေသြဇာများထောက်ပံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီအချိန်က ဇေယျသိမ်ကျေးရွာအုပ်စု၊ ပေါင်းတည်ရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးနေလင်းဇော်မှ မိုးနေကြာစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မိုးနေကြာမျိုးစေ့ထုတ်(၁၇)ဧကအတွက် (၁)ဧကလျှင်ဓါတ်မြေသြဇာ(၁)အိတ်နှုန်းဖြင့် တာဝန်ရှိသူများမှ တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ တောင်သူများနှင့် ရင်းနှီးစွာတွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)