ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီး (၁၇)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက် တိပိဋကစာအောင် သံဃာဂုဏ်ပြုပူဇော်ပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး တက်ရောက်

မုံရွာ ဇူလိူင် ၆ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီး (၁၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက် တိပိဋကစာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေတောင်ဦး တိပိဋက ဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ရှိ ဓမ္မဝိနယဓမ္မာရုံတော်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီးဒေါ်မြင့်မြင့်အောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော် သြဝါဒါစရိယ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအရိယာလင်္ကာရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်အစိုးရ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲ၌ ၁၃၈၁-ခုနှစ်တွင် စာအောင်သံဃာ ၆ ပါး၊ ၁၃၈၃-ခုနှစ်တွင် တိပိဋကဓရ သဘောရေးဖြေ စာအောင်သံဃာ ၂ ပါး စုစုပေါင်း ၈ ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူးနှင့် အစိုးရ အဖွဲ့ဝင်များက စာအောင်လက်မှတ်၊ စာအောင်ဆုနှင့်ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကာ အလှူရှင်များက ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နာက် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စီရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီး (၁၇) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက် တိပိဋက စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် အလှူရှင်များက လှူဒါန်းငွေကျပ် စုစုပေါင်း-၁၃၃၆၀၀၀၀ (တစ်ရာသုံးဆယ်သုံးသိန်းခြောက်သောင်း)အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး၊ ပြန်/ဆက်။