ပုဗ္ဗသီရိ ဇူလိုင် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်တို့က စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားထားသည့် "လူငယ်များကို ပျိုးထောင်ပါ" စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့် တိုက်၌ ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ ဘုန်းရဲနိုင်၊ စာရေးဆရာ သဘာဝနှင့် စာရေးဆရာမ ချယ်ရီအောင်သန်းတို့က လူငယ်များကို ပျိုးထောင်ပေးပါ၊ ပုံပြင်ထဲက ဓမ္မသင်ခန်းစာ၊ မိတ်ဆွေကောင်းနှင့် ခရီးသွားပါ၊ ပတ်ဝန်းကျင်ကောင်းကို တန်ဖိုးထားပါ၊ စာဖတ်ခြင်းအတတ် ပညာ၊ ခံစားမှုနှင့် ဖန်တီးခြင်း အနုပညာ၊ လူကြီးနှင့်လူငယ်၊ အနာဂတ် မြန်မာပြည်နှင့်သာသနာ စသည့်ခေါးစဉ်များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် စာဖတ်ပရိသတ်များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)