ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စဉ်ဆက်မပြတ်ထိုးနှံပေး

ဗိုလ်တထောင် ဇူလိုင် ၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှုရှိစေရန်နှင့် ကျန်းမာပျော်ရွင်စွာပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက အ.ထ.က(၄)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူ /ကျောင်းသူ(၃၈၇)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးထိုးမှုလုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့တို့က အ.ထ.က(၄)ကျောင်းမှ ကျောင်းသူ(အသက် ၅ နှစ်မှ ၁၂ နှစ်)ရှိသူ(၆၀)ဦးအား (ပထမအကြိမ်)နှင့် ကျောင်းသူ(၃၂၇)ဦးအား(ဒုတိယအကြိမ်)ဖြင့် စုစုပေါင်းကျောင်းသူ (၃၈၇)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့်ကာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော ကျောင်းသား/ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း (ဗိုလ်တထောင်)