ငဖဲမြို့နယ်တွင် အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား/သူ(၄၉၅၉)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ မြေပြန့်နှင့်သွားလာရခက်ခဲသော တောင်ပေါ်ဒေသ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသော ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် အသက် ၅နှစ် မှ ၁၂ နှစ်အထိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်

ဒိုက်ဦးမြို့နယ်ရှိ ကံ့ကော်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကံ့ကော်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်များပြသခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (၁၃၂)ဧကအား တည်ထောင်ခွင့်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (၁၃၂)ဧကအား တည်ထောင်ခွင့်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်သစ်တောဦးစီးဌာန၌ ကျင်းပသည်။

ကော့သောင်းမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ အ.လ.က(ခွဲ) ရွှေဇင်ယော်(၁)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲတစ်ရပ် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဖျာပုံမြို့၌ GlS နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာများသို့ တည်နေရာ (Point)များ ကွင်းဆင်းကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ​မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် GlS နည်းပညာဖြင့် တည်နေရာ (Point)များ ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း “အိုမီခရွန်” ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်နှိုးဆော်အသိပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း “အိုမီခရွန်” ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။

မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာ၌ အာရ်စီတစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ၁၀၀ ရာခိုင်နှုန်းပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် အာရ်စီတစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။

မိုင်းခုတ်မြို့၌ ကျောင်းသား၊ ကျောင်းသူ(၂၀၉)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေး

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်ထိကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)နှင့် အခြေခံပညာမူလတန်းကျောင်း (နောင်တုံ)ဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (ဒုတိယအကြိမ်)ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ချင်းပြည်နယ် တွန်းဇံမြို့နယ်  ကျန်းမာ‌ရေးဝန်ထမ်းများက မြို့နယ်ဆရာဝန်ကြီးဦးဆောင်မှုဖြင့် တွန်းဇံမြို့နယ်အတွင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်၍ တွန်းဇံအထကကျောင်း၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Subscribe to