မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ၌ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာတွင် ယမန်နေ့ (၉)နာရီအချိန်က ကွင်းအမှတ် (၅၃၁)၊ ဦးပိုင်အမှတ်(၁၄၅-က)ရှိလယ်မြေ(၅.၀)ဧကအား ( SEEDER) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသခဲ့ရာ တောင်သူ(၁၈)ဦးမှ လာရောက်လေ့လာကြပြီး မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဆွေက မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

ပုသိမ်မြို့နယ်အတွင်းရှိ စက်မှုမြို့တော်တွင် Shuang Xi (Pathein) Garment Co..,Ltd အထည်ချုပ်စက်ရုံ စမ်းသပ်လည်ပတ်

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့ရှိ စက်မှုမြို့တော်တွင် စမ်းသပ်လည်ပတ်လျှက်ရှိသော ShuangXi(Pathein) Garment Co..,Ltd အထည်ချုပ်စက်ရုံသည် ရင်းနှီးမြုပ်နှံမှုတန်ဘိုးအမေရိကန် ဒေါ်လာ ၂.၇၇၀ သန်းဖြင့် တည်ဆောက်ခဲ့ပြီး ပြင်ဆင်သည့်ကာလ (၁)နှစ်ခန့်ကြာမြင့်ခဲ့သည်။

အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ တွေ့ဆုံ မိတ်ဆက်​ခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံ မိတ်ဆက်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ ဇူလိုင်လအတွင်း ကျေးရွာ(၁၀) ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး” ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မဲတောကျေးရွာ အုပ်စု၊ ဆည်ကြီးကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ စံပြကျေးရွာတွင် Cash For Work စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် အ‌ကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်းလုပ်ငန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းကော်မတီဝင်ဖွဲ့စည်းခြင်းကို ယမန်နေ့၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။

ဝိုင်းမော်မြို့နယ်၌ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြစ်ကြီးနားမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ကြီးမှူး၍ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ဝိုင်းမော်မြို့နယ်၊ လဝမ်ကထောင်ကျေးရွာ၊ ဂါလိလဲအိုင် လူငယ်ပြုစုပျိုးထောင်ရေးလူမှုအသင်းရုံးရှိ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အိမ်မဲမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာပေ ချစ်မြန်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူးပေါင်း၍ ကိုကိုလင်း (အမေ့အိမ်) ရေးသားသည့် လူကြီးတွေကစ ပြင်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ် ပရဟိတအသင်းအဖွဲ့များနှင့်စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအား ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပေးအပ်သောဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမှ၌ ကျင်းပခဲ့သည်။

ပုသိမ်မြို့နယ် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ၈-၇-၂၀၂၂ ရက်နေ့တွင် အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်းရှိ Grade-3 စာသင်ခန်းမ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ (၃၀၀)ဦးအား ဒုတိယအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to