အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ တွေ့ဆုံ မိတ်ဆက်​ခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အမ်း ဇူလိုင် ၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံ မိတ်ဆက်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမ်းခရိုင်သို့ အသစ်ခန့်ထား ရောက်ရှိလာကြသော အမ်းခရိုင် အထွေထွ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူက မိတ်ဆက်ခြင်းနှင့် အဖွင့်အမှာစကား ပြောကြားကာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်တို့က မိတ်ဆက်ခြင်းများ ဆောင်ရွက်ကာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူက အမ်းမြို့နယ်အား ခရိုင်အဆင့် တိုးမြှင့် ဖွင့်လှစ်ချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်များအနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း မြို့နယ် အချက်အလက်စာရင်း ဇယားများနှင့် ပတ်သက်၍ ​မြေပြင်အမှန် စာရင်းဇယားများအား တိတိကျကျ ပေးအပ်ရန် လိုအပ်ပါကြောင်း ​ခရိုင်မြို့ဖြစ်လာပြီဖြစ်၍ ခရိုင်အဆင့်နှင့်အညီ ဆောင်ရွက် ကြစေလို​ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်် မြို့သန့်ရှင်း သာယာလှပစေရေး အပတ်စဉ် စနေနေ့တွင် သန့်ရှင်းရေးလုပ်ငန်းများအား ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြကာ  မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်း အခြေအနေများကို   ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း