မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ၌ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

မင်္ဂလာဒုံ ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာတွင် ယမန်နေ့ (၉)နာရီအချိန်က ကွင်းအမှတ် (၅၃၁)၊ ဦးပိုင်အမှတ်(၁၄၅-က)ရှိလယ်မြေ(၅.၀)ဧကအား ( SEEDER) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသခဲ့ရာ တောင်သူ(၁၈)ဦးမှ လာရောက်လေ့လာကြပြီး မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဆွေက မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ (၂၀၂၂-၂၀၂၃)ခုနှစ် မိုးရာသီတွင်မင်္ဂလာဒုံမြို့နယ်အတွင်း၌ မိုးစပါးစိုက်ဧက (၂၇၅၀)ခန့်စိုက်ပျိုးနိုင်မည်ဟုလျာထားပြီး ယနေ့အချိန်အထိ (၈၂၄) ဧကစိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)