ဇမ္ဗူသီရိမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်း၊‌ ပေါက်ခေါင်းမြို့နယ်‌ ကျေးလက်ဦးစီးမှူး ဦး‌ဌေးဇော်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ် အ.ထ.က၌ ဝါဆိုသင်္ကန်းနှင့်အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ်( တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများတို့က ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြိုင် ပုသိမ်အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးဝင်းမြိုင်သည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ ပုသိမ်ခရိုင်တရားသူကြီး ဒေါ်လှိုင်လှိုင်ဝေတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်အကျဉ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင် တာဝန်ခံ အရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထန်းတပင်မြို့နယ်တွင် “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်နိုင်ရေး” အသိပညာပေးဟောပြောပွဲကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်းပင်လုံခန်းမ၌ “ကလေးသူငယ်အခွင့်အရေးကိုယ်တိုင် သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

ဝိုင်းမော်မြို့နယ်တွင် လေပြင်းများ တိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း​ခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ယနေ့ ည (၁၂) နာရီခန့်က မိုးနှင့် လေပြင်းများ တိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားသည့် သစ်ပင်၊ သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၇ နာရီက ဝိုင်းမော်-မြစ်ကြီးနားသို့ သွားသည့်ကားလမ်းအပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် တိုင်းရင်းကြက်မွေးမြူရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းကြက်မွေးမြူရေးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ဖြူးမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်၊ စာစီစာကုံး ပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြို့နယ်အဆင့် ဟောပြောပွဲနှင့်၊ စာစီစာကုံးပြိုင်ပွဲကို အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Subscribe to