အိမ်မဲ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာပေချစ်မြန်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူးပေါင်း၍ ကိုကိုလင်း (အမေ့အိမ်) ရေးသားသည့် လူကြီးတွေကစ ပြင်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြည်သူများ၊ စာဖတ်ပရိသတ်များ စာပေဖတ်ရှု သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအသိများမျှဝေပေးနိုင်ရန် စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ ကိုကိုလင်း (အမေ့အိမ်) ရေးသားသည့် လူကြီးတွေကစပြင်ပါ လူငယ်ခံစားမှု အတွေးစာစုများစာအုပ်မှ လူကြီးတွေကစပြင်ပါ ဆောင်းပါးစာစုကို ဖတ်ရှုဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလေးလွင်က လောင်းရိပ်ကင်းပါစေ ဆောင်းပါးစာစု၊ Book Club အဖွဲ့ဝင်ဒေါ်မို့မို့ဝင်းက ပြိုင်တူတွန်းဖို့လိုနေပြီး ဆောင်ပါးစာစုများအကြောင်း ဖတ်ရှ ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာဖတ်ပရိသတ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ စာဖတ်ပရိသတ်များ၊ စာပေချစ်မြတ်နိုးသူများ Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာ ရရှိစေမည့် စာပေဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးဌေးလှိုင်