ကစိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ကွင်းဆင်း ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်နှင့်အထက်  ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌‌ အေးချမ်းသာစွာ ပညာသင်ကြားနိုင်‌စေရန်၊ ကာကွယ်‌ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် ကစိုကျေး အ.လ.ကကျောင်းရှိကျောင်းသား/သူများအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း  သိရသည်။

လှိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် မြို့နယ်အဆင့် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပိုစတာနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် တိုင်းရင်းဆေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်း ဆေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူ များ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ တိုင်းရင်းဆေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ တွင် ကျင်းပသည်။

ပန်းဘဲတန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) စာဖတ်ဝိုင်း ကျင်းပ

ဇူလိုင်လ (၁၉)ရက်​နေ့တွင် ကျ​ရောက်မည့် (၇၅)နှစ်​မြောက် အာဇာနည်​​နေ့ အထိမ်းအမှတ် (အကြို) စာဖတ်ဝိုင်းဆွေး​နွေးပွဲကို ယ​မန်​နေ့ ​နေ့လယ် (၁) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် အင်္ဂတေပစ္စည်းအမျိုးမျိုးပြုလုပ်ရောင်းချသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အင်္ဂတေပစ္စည်းအမျိုးမျိုး ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းသိရှိရပြီး အင်္ဂတေပစ္စည်းများပြုလုပ်ရောင်းချရာတွင် ဝယ်ယူသည့်ပြည်သူများအကြိုက် အသုံးအဆောင်ပစ္စည်းမျိုးစုံ၊ အရွယ်အစားမျိုးစုံ ပြုလုပ်ရောင်းချရသည့်အတွက် အဆင်ပြေလျက်ရှိကြောင်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှပစ္စည်းများပိုမိုရောင်းချရကြောင်း အင်္ဂတေပစ္စည်းမျိုးစုံ ကိုယ်တိုင်ပြုလုပ်ရောင်းချနေသည့် ဦးဇော်လတ်က ပြောပြ၍ သိရသည်။

တောင်သာမြို့နယ်တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများအဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။            

ရှမ်းထက် ကျေးရွာအုပ်စုတွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ ရှမ်းထက်‌ကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်အထက်သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်များကိုကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ‌ခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရယ်အကြောင်း အသိပညာဗဟုသုတ ပိုမိုရရရှိစေရန်ရည်ရွယ်၍ ယမန်နေ့က မူးယစ်ဆေးဝါး အန္တရာယ်အသိပညာ‌ဟော‌ပြောပွဲ ဆောင်ရွက်ခဲ့ သည်။
Subscribe to