တောင်တွင်းကြီးမြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် မိုးစပါးများ စတင်စိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဒေသခံတောင်သူများက ရန်ပယ်ဆည်၊ ကင်ပွန်းတောင်ဆည်၊ ငမင်ဆည်၊ ဘန်းကုန်းဆည်၊ ရတနာပွင့်လှကန်တော်ကြီး ဆည်ရေတို့ဖြင့် မိုးသီးနှံလျာထားဧက ပြည့်မီစေရေးအတွက် စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။