ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရွှေတောင် ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ ဇူလိုင်လအတွင်း ကျေးရွာ(၁၀) ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး” ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မဲတောကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး‌တိုးတက်‌ရေးဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မန်နေဂျာ၊ မြို့နယ်ကျေးလက်လမ်းဦးစီးမှူး၊‌စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဆည်‌မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အပါအဝင် စိုက်ပျိုး‌​ရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများသို့ ရှင်းလင်းဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာဌာနများက ပြန်လည် ဖြေကြားခဲ့ကြကြောင်း သိရသည်။

ယင်းနောက်တက်ရောက်လာသော ဒေသခံတောင်သူများအား  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်းအဆင့်ဆင့်ကို စုပေါင်းလက်တွေ့သရုပ်ပြမှုများ ပြုလုပ်‌ကာ ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

ကိုကိုမင်း